ပုစွန်တွေ စားပေးရင် ဘာအကျိုးထူးမလဲ
ကြော်စားစား၊ ပြုတ်စားစား၊ သုပ်စားစား၊ ကင်စားစား အရသာရှိတဲ့ ပုစွန်လေးကို ကြိုက်သူတွေ ရှိလား? ဒါဆိုရင်တော့ အခုလို ကျန်းမာရေး ကောင်းကျိုးလေးတွေ ရရှိမှာပါ။ ပုစွန်လေးကို အရသာရှိရှိ စားရင်း ရရှိမယ့် ကျန်းမာရေး အကျိုးထူးလေးတွေ ရှိပါသေးတယ်။ သိချင်တယ်ဆိုရင်တော့ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။
ပုစွန်တွေ စားပေးရင် ဘာအကျိုးထူးမလဲ?
ပရိုတင်း၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီ၊ ဗီတာမင် အေ၊ ဗီတာမင် စီ၊ ကယ်လ်ဆီယမ်၊ သံဓာတ်တို့ ပါဝင်နေတဲ့ ပုစွန်က
ကိုယ်ခံအား ကောင်းစေတယ်
ဗီတာမင် စီ နဲ့ ဇင့်ဓာတ် ကြွယ်ဝမှုက ကိုယ်ခံအားကောင်းစေဖို့ အားဖြည့်ပေးပြီး ဖျားနာမှု ကင်းစေဖို့ ကာကွယ်ပေးမှာပါ။
အရောင်ကျစေတယ်
ကိုယ်တွင်းကိုယ်ပ နာကျင်ရောင်ရမ်းတာ၊ အရေပြား ရောင်ရမ်းနီမြန်းတာတွေ သက်သာစေဖို့ ပုစွန် စားပေးလို့ ရပါတယ်။
နှလုံး ကျန်းမာစေတယ်
သွေးတွင်းအဆီတွေကို ကျဆင်းစေပြီး နှလုံးသွေးလည်ပတ်မှု ကောင်းစေဖို့ လုပ်ဆောင်ပေးပါတယ်။
အသားအရေ ကျန်းမာစေတယ်
ဗီတာမင် စီ ပါဝင်နေတာက အရေပြားကျန်းမာစေဖို့ အတော်လေး အားဖြည့်ပေးနိုင်တာပါ။
ကင်ဆာ ကာကွယ်နိုင်တယ်
ဓာတ်ခွဲစမ်းသပ်မှု ရလဒ်တွေအရ ပုစွန်စားပေးတာက ကင်ဆာ မဖြစ်အောင် ကာကွယ်ပေးပါတယ်လို့ သိရပါတယ်။
သွေးထဲမှာ ကျန်းမာစေတဲ့ အဆီ တိုးစေတယ်
ပုစွန်က အဆီကျစေနိုင်ပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ သွေးထဲက ကျန်းမာစေတဲ့ အဆီတွေကို တိုးစေနိုင်ပါတယ်။
ကြွက်သားတက်စေတယ်
အဆီပါဝင်မှုနည်းပြီး ပရိုတင်း များများ ပါဝင်နေတဲ့ ပုစွန်ကို ကြွက်သားတက်ချင်သူတွေ စားပေးလို့ ရပါတယ်။
အရိုးသန်မာစေတယ်
ကယ်လ်ဆီယမ်နဲ့ ပရိုတင်း ပါဝင်နေတာက အရိုးပါးတာ၊ အရိုးပွတာမျိုးတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
အယ်လ်ဇိုင်းမား ကာကွယ်ပေးတယ်
ပုစွန်မှာ ဖက်တီးအက်ဆစ် ပါဝင်နေတာကြောင့် ဦးနှောက်နဲ့ အာရုံကြောဆဲလ်တွေကို ကျန်းမာစေပြီး အယ်လ်ဇိုင်းမားရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
ပင်လယ်စာ ပုစွန်ချိုချိုလေး စားရင်း အခုလို အာနိသင်လေးတွေ ရယူလိုက်ပါ။
မွန်မွန်